လေရာဆမ္း၍ လန္းသည့္ မာလာ အပိုင္း....၁

ရာင္နီတစ္ေထာင္ အလင္းေဆာင္ေသာ သူရိန္ေနမင္းကား ရာဇျဂိဳဟ္ တိုင္းႏိုင္ငံ၏ အရုဏ္ဦးကို အလင္းဖြင့္၍ ခြန္းဆက္ေလျပီ။ ျပတင္းခန္းစီး၏ ဟိုမွာဘက္၀ယ္ ေန႔တဓူ၀ ၀တၱရားတို႔ကို ထမ္းေဆာင္ေတာ့မည့္ လူၾကီးလူငယ္တို႔ ဟိုမွသည္ လူးလာေခါက္တုန္႔ႏွင့္ နံနက္ခင္း အသက္၀င္ လာေတာ့၏။ ေလးလံဆဲ မ်က္ခြံမို႔မို႔တို႔ကို အသာ ပုတ္ခတ္ရင္း စက္ရာ ေညာင္ေစာင္းထက္မွ ထ လာသူ မိန္းမပ်ိဳေလး တစ္ဦး။ ေလ်ာ့ရဲ ေျပက်ေနသည့္ ရင္းစည္းႏွင့္ ခါး၀တ္ကို လက္တစ္ဘက္ႏွင့္ အသာ ထိန္းရင္း ေၾကးမံုျပင္ေရွ႕သို႔ ေရာက္လာခဲ့၏။ ျဖီးသင္မႈ မျပဳရေသးသည့္ ပိတုန္းေရာင္ ေကသာတို႔က ၀င္းမြတ္သန္႔စင္ေသာ မ်က္ႏွာကေလး ထက္တြင္ ကပိုကယို။ ဆင္စြယ္ ေခါင္းဘီးကို လွမ္းယူလိုက္ရင္း မ်က္၀န္းမ်ားက ေညာင္ေစာင္း ထက္တြင္ ၀တ္လစ္စလစ္ႏွင့္ အိပ္ေမာက်ေနဆဲ လုလင္ထံ အၾကည့္ ေရာက္မိ၏။

ခံစားခ်က္မဲ့ေသာ ပင့္သက္တစ္ခုကို ရွဴထုတ္လိုက္ရင္း ေၾကးမံုထက္မွ မိမိ ရုပ္သြင္ဆီ အာရံု ျပန္ပို႔လိုက္သည္။ တစ္ခ်က္ႏွစ္ခ်က္ ခတ္လိုက္သည့္ မ်က္ေတာင္ ေကာ့မ်ားက လိပ္ျပာငယ္ တစ္ေကာင္ ေတာင္ပံခတ္သလို အႏုပညာ ဆန္လွ၏။ ဖူးၾကြ လွပသည့္ ႏႈတ္လႊာ အစံုက ျခယ္သျခင္း မျပဳရေသးသည့္တိုင္ ပန္းေသြးေရာင္ သမ္းဆဲ။ မည္သည့္ ရတနာ ဘယက္မွ် ဆင္ယင္မထားသည့္ လည္တိုင္ေက်ာ့ ထက္တြင္ မိန္းမလွတို႔ ျပယုဂ္ ျဖစ္သည့္ လည္ေရး သံုးရစ္က သဘာ၀၏ တန္ဆာအျဖစ္ စြဲမက္ဖြယ္ တည္ေနသည္။ နက္ေမွာင္ထူထဲေသာ ေကသာအစုကို ဆင္စြယ္ေခါင္းဘီးျဖင့္ အသာ ျဖီးသင္လိုက္၏။ ထို႔ေနာက္ ခရမ္းေသြးေရာင္ ပိုးၾကိဳးစျဖင့္ မခို႔တယို႔ စည္းေႏွာင္လိုက္သည္။ ရင္စည္းႏွင့္ ခါး၀တ္ကို ေသသပ္ေအာင္ ျပင္ဆင္အျပီးတြင္ အနားရွိ ေငြေမာင္းကေလးကို လက္လွမ္းလိုက္၏။ သြယ္လ် လွပသည့္ လက္ေခ်ာင္းကေလးမ်ားကို ခပ္ဆဆ လႈပ္ရွားလိုက္သည္။ သာယာေသာ ေမာင္းသံ အဆံုးတြင္ မိမိ စက္ရာ အခန္းေရွ႕သို႔ တာ၀န္က် အေဆာင္မႈး ႏွစ္ဦး ေရာက္လာသည္။

ေဒါင္းယဥ္ပ်ိဳမ တစ္ေကာင္၏ ၾကြလွမ္းျခင္းမ်ိဳးျဖင့္ အိပ္ေဆာင္၀ဆီ လွမ္းသြားျပီး ေရႊေရးသုတ္ ကြ်န္းတံခါးၾကီးကို ဖြင့္ေပးလိုက္၏။ တုတ္ခိုင္ က်စ္လစ္ေသာ ကိုယ္ဟန္ႏွင့္ မလိုက္ေအာင္ပင္ ဦးညႊတ္ အရိုအေသ ေပးရင္း ရပ္ေနသည့္ အေဆာင္ေတာ္မႈး ႏွစ္ဦးကို ေခါင္းျငိမ့္ ျပလိုက္သည္။ အမႈေတာ္ ထမ္းေနက် အေဆာင္မႈးတို႔က သခင့္အား အလိုက္သိစြာပင္ ဦးညႊတ္ရင္း အိပ္ခန္းေဆာင္ အတြင္း ၀င္လာၾက၏။ တိုးသဲ့သဲ့ စကားသံ အဆံုးတြင္ ေညာင္ေစာင္းထက္မွ သူၾကြယ္သား လုလင္ပ်ိဳအား ႏွစ္ဦးသား တြဲကာ ေခၚေဆာင္ သြားၾကသည္။ ေတာင္ရွည္ ၀တ္လဲျဖင့္ အေစာတလ်င္ ရစ္ျခံဳကာ ဖရိုဖရဲ ဆြဲယူ ေခၚေဆာင္ျခင္း ခံရသည့္ လုလင္ငယ္။ အသိအာရံုတို႔က ႏိုးတ၀က္ အိပ္တ၀က္ ျဖစ္ေန၏။ မိမိက သာမန္အရပ္သား သူၾကြယ္အဆင့္။ မည္မွ်ပင္ အခေၾကးေငြ တတ္ႏိုင္ေစဦးေတာ့ ဤ စက္ရာေဆာင္တြင္ တညဥ့္တာ ေပ်ာ္ပါးျပီး ေနာက္တစ္ေန႔မနက္ မိုးေသာက္သည္ႏွင့္ မဖင့္မေႏွး ခြာရမည္။ သည္တစ္ခ်က္က ဦးမဆြပင္ ရွိႏွင့္ေသာ ထံုး ေပမို႔ လုလင္ငယ္ အေနႏွင့္ ေစာဒဂလည္း မတက္၀ံ့။ ကတီပါခင္း သလြန္ေစာင္း ထက္တြင္ ေက်ာ့ရွင္းစြာ စံေနသည့္ ပန္းပုသူဇာ အလွနတ္သမီးအား လည္ျပန္ ေငးကာေငးကာျဖင့္ အိပ္ခန္းေဆာင္ ျပင္ပသို႔ ေရာက္သြား ေတာ့သည္။

ဧည့္သည္ လုလင္ ထြက္ခြာျပီး ခဏတြင္ ဖြင့္လက္စ အခန္း၀ဆီမွ လက္စြဲေတာ္ အထိန္း မိန္းမသူၾကီး ေဒၚၾကာငံု ၀င္လာ၏။ သူမ လက္ထဲတြင္ ယြန္းလင္ဗန္း တစ္ခ်ပ္၊ လင္ဗန္းထက္ရွိ ေငြဖလားထဲတြင္ မိမိကိုယ္ကို သုတ္သင္သန္႔ရွင္းရန္ ပန္းေပါင္းနံ႔သာရည္မ်ား။ ေငြဖလား နေဘး ေရႊက်ဳတ္ေလးထဲတြင္က ကိုယ္အႏွံ႔ ထံုမႊမ္း လူးခ်ယ္ရန္ အဘိုးတန္ ကတိုးနံ႔သာဆီ။ ထိုင္ရာ သလြန္မွ အသာထျပီး ေဒၚၾကာငံုကို ေခါင္းတစ္ခ်က္ ဆတ္ျပလိုက္သည္။ ေၾကးမႈံျပင္ေရွ႕တြင္ ေနရာ ျပန္ယူလိုက္ရင္း မ်က္လႊာတို႔ကို ေမွးစင္း ထားလိုက္၏။ တဒဂၤ အတြင္းမွာပင္ ေဒၚၾကာငံု၏ ႏူးညံ့ က်င္လည္ေသာ လက္အစံုက မိမိ ကိုယ္အႏွံ႔ကို ပန္းေပါင္းဆီျဖင့္ ျငင္သာစြာ ပြတ္သပ္ ဆုပ္နယ္ေတာ့၏။ တစ္ညဥ့္ လံုးနီးပါး ရမၼက္မီးေတာက္တို႔ျဖင့္ ေလာင္ျမိဳက္ခဲ့ရသည့္ မိမိ ခႏၶာကိုယ္။ တရႈိက္မက္မက္ အနမ္းမ်ားႏွင့္ ပုရိသ တစ္ဦး၏ ကိုယ္နံ႔ အၾကြင္းအက်န္၊ အေငြ႕အသက္ အားလံုး ပန္းေပါင္းဆီ၏ သင္းရနံ႔ ေအာက္တြင္ တစျခင္း ေပ်ာက္ကြယ္ သြားခဲ့ျပီ။

ေဒၚၾကာငံု၏ လက္ အစံုက ရင္စည္းကို ျဖည္ခ်လိုက္၏။ ေၾကးမံုထက္တြင္ ၀ိုးတ၀ါးေပၚလာသည့္ ရင္စိုင္ သားျမတ္ထက္တြင္ ႏႈတ္ခမ္းျဖင့္ စုပ္နမ္းထားသည့္ အရာမ်ားက မပ်ယ္ခ်င္ေသး။ ေဒၚၾကာငံုက မိမိ ေနာက္တြင္ ကပ္လ်က္ ရပ္လိုက္သည္။ သားျမတ္ အထက္သို႔ ပန္းေပါင္းဆီ တစ္စက္ ခ် လိုက္၏။ ေနာက္ေတာ့ လက္၀ါးႏွင့္ ဖြဖြ ပြတ္ေခ်ရင္း အသာအယာ ႏွိပ္နယ္ေပးသည္။ ပရုတ္အနည္းငယ္ စြက္ထားသည့္ ပန္းေပါင္းဆီ၏ အေတြ႕က ရွိန္းျမျမ။ မ်က္ေတာင္မ်ား ေမွးစင္းရင္း ေဒၚၾကာငံု႔ ရင္ကို အသာ ေက်ာမွီလိုက္၏။ ေဒၚၾကာငံု၏ ကြ်မ္းက်င္ေသာ လက္ေခ်ာင္းမ်ားက မိမိ ရင္စိုင္ သားျမတ္ႏွင့္ ၀မ္းဗိုက္ တေလ်ာက္ ဆင္းခ်ည္ တက္ခ်ည္ ႏွိပ္နယ္ ပြတ္သပ္ ေပးေနသည္။ ေအာ္.. ရမၼက္.. ရမၼက္.. မည္သူ႕ထံမွ် မဆို၊ မည္သည့္ နည္းႏွင့္မွ် မဆို မကုန္ဆံုးႏိုင္ေသာ အရသာထူးကို ေပးေသာ ရမၼက္ ပါတကား။ အေတြ႕၏ ရသာကို ေမွးမွိတ္ခံစားရင္း မိမိ ဘ၀ကို ျပန္သံုးသပ္မိ၏။
မိမိ ေမြးမာတာက ရာဇျဂိဳဟ္၏  ျမင့္ျမတ္ေသာ မ်ိဳးႏြယ္မွ ဆင္းသက္လာသူတစ္ဦး။ ဗိမၼိသာရ မင္းၾကီး၏ အမတ္ခ်ဳပ္ၾကီးသမီး သလႅ၀တီ ဆိုလ်င္ ေ၀သာလီ ဂဏ ႏိုင္ငံ အားလံုး၌ မသိသူမရွိ။ သိပ္ေခ်ာ သိပ္လွသည့္ အဆင္းရူပါ ပိုင္ရွင္မို႔ (၇) ျပည္ေထာင္ မင္းမ်ားက အျမတ္တႏိုး လာေရာက္ ေတာင္းရမ္းျခင္း ခံရသူ။ ေ၀သာလီ တိုင္း၏ ဥပေဒအရ ဤသို႔ေသာ အလွဘုရင္မ မ်ားကို “ႏိုင္ငံေတာ္၏ သမီးကညာ၊ အမ်ိဳးဇာတ္ ျမင့္ျမတ္သူ အားလံုးပိုင္သူ” ဟူေသာ ဘြဲ႕ ကို ေပးရ၏။ အႏွီ လွဧကရီ သမီးပ်ိဳသည္ ရွင္ဘုရင္ ကိုယ္ေတာ္တိုင္ ခ်ီးေျမွာက္အပ္ေသာ စံနန္း ဥယ်ာဥ္တြင္ စံစားရသည္။ မင္းစိုးရာဇာမ်ားႏွင့္  ဘုရင့္ဘြဲ႕ေတာ္ခံ သူေကာင္း သူၾကြယ္ မ်ားကို ျပဳစုရသည္။ ဂုဏ္သေရေဆာင္ မင္းခမ္း မင္းနားမ်ား ရွိပါလ်င္ ဦးေဆာင္ စီမံျခင္း အမႈကို ထမ္းရြက္ ရသည္။ စစ္မက္ ေရးရာ မ်ားတြင္လည္း ပရိယာယ္မာယာ အစြမ္းကိုး၍ ညိွႏိႈင္း၊ ေထာက္လွမ္း၊ သတင္း ေပးယူျခင္း အမႈကို ျပဳရသည္။

ဤသို႔လ်င္ တိုင္းျပည့္ တန္ဆာ အျဖစ္ ရုပ္ဆင္းရူပါကို အရင္းျပဳ အမႈေတာ္ ထမ္းရင္း ခမည္းေတာ္ အဘယ မင္းသားနဲ႕ အေၾကာင္းျပဳ စံုမက္ခဲ့၏။ သားေတာ္ၾကီး ဇီ၀က ႏွင့္ သမီးငယ္ ျဖစ္ေသာ မိမိ (နာမအားျဖင့္) သီရိမာ ကို ဖြားျမင္ခဲ့သည္။ အကိုေတာ္ ဇီ၀ကကို ခမည္းေတာ္ အဘယ မင္းၾတားၾကီး ကိုယ္ေတာ္တိုင္ ေရႊနန္းေတာ္တြင္ ေခၚယူ ေစာင့္ေရွာက္ေတာ္မူသည္။ မယ္ဖုရား၏ ရုပ္ဆင္းရူပါကို အေမြရသည့္ မိမိကေတာ့ မယ္မယ့္ အရိုက္အရာကို ဆက္ခံရသည္။ မယ္မယ္ သလႅ၀တီ မင္းသမီး လြန္ေလေသာ္ အကိုေတာ္ ဇီ၀ကက နန္းတြင္း သမား ေတာ္ၾကီးဇီ၀က အျဖစ္ ဂုဏ္သတင္း ေက်ာ္ေဇာခဲ့ျပီး မိမိ သီရိမာကေတာ့ ရာဇျဂိဳဟ္ျပည္၏ ဘုရင္မင္းျမတ္ အသိအမွတ္ျပဳ၊ တိုင္းျပည့္တန္ဆာ သမီးကညာ ျဖစ္ခဲ့ရသည္။ အေတာင္ႏွစ္ဆယ္၀တ္ မင္းေယာက်ၤားမ်ား နည္းတူ တိုင္းျပည္ေရးရာကို တဘက္တလမ္းမွ ၀န္ေတာ္ ထမ္းရြက္ရင္း မိမိ အလွအပႏွင့္ အေသြးအသား မ်ားကို တိုင္းျပည္ေရး အတြက္ အသံုးခ်ခဲ့ရသည္။

အရြယ္ေရာက္ေသာ ပုရိသတို႔တြင္ တစ္ဆယ့္ရွစ္ရပ္ေသာ အတတ္တို႔ကို သင္ယူရသကဲ့သို႔ မိမိ သည္လည္း တိုင္းျပည့္ ရတနာ သမီးပ်ိဳတို႔ တတ္အပ္ေသာ အတတ္တို႔ကို ဆည္းပူးရသည္။ မိန္းမသူ တစ္ဦး အေနႏွင့္ မိမိ သင္ယူခဲ့ရေသာ ပညာရပ္မ်ားကား သိမ္ေမြ႕ နက္နဲသေလာက္ အရင္းအႏွီးလည္း နင့္သီး ၾကီးျမတ္ လွေပသည္။ ေဖာ့ဖေယာင္းကဲ့သို႔ ေျပာင္းသြဲ႕ေသာ လက္ အစံုျဖင့္ အမ်ိဳးမ်ိဳးေသာ တူရိယာတို႔ကို ကြ်မ္းက်င္ ပိုင္ႏိုင္ေအာင္ တီးခတ္ခဲ့ရ၏။ အတိုင္းတိုင္း အျပည္ျပည္၏ ဓေလ့ရိုးရာ ကခုန္ျခင္း အမ်ိဳးမ်ိဳးကို ခက္ခဲပင္ပန္းစြာ သင္ယူခဲ့ရသည္။ ၀တ္စားဆင္ယင္ထံုးဖြဲ႕မႈ အပိုင္းတြင္လည္း မိမိကိုယ္ကိုသာမက ျပည့္ရွင္မင္းႏွင့္ ဂုဏ္သေရေတာ္ရွိ မင္းမ်ိဳးႏြယ္ အားလံုးအတြက္ကိုပါ အခါရာသီအလိုက္ သင့္တင့္စြာ စီရင္ေပးတတ္ရသည္။ မဂၤလာ စံအိမ္ေတာ္ႏွင့္ စက္ရာေဆာင္မ်ား၊ ဧည့္ေဆာင္မ်ားကိုလည္း ေသသပ္လွပ ယံုမွ်မက ခင္းက်င္း အပ္ေသာ သဘင္၏ အဆင့္အလိုက္ ခန္းနား တင့္တယ္ေအာင္ စီမံျပင္ဆင္ တတ္ရသည္။

ခ်က္ေရးျပဳတ္ရာ အမႈတို႔တြင္လည္း အျခားေသာ မိန္းမသူမ်ားကဲ့သို႔ ထမင္းတစ္အိုး၊ ဟင္းလ်ာ တစ္မည္ႏွင့္ မျပီး။ ေသရည္ေသရက္ႏွင့္ အေဖ်ာ္ အေရာအစပ္မ်ားအျပင္ ကြမ္း၊ လက္ဘက္၊ ေထာပတ္၊ မလိုင္ ကဲ့သို႔ေသာ ခဲဘြယ္ အစုစုတို႔ စီမံခ်က္ျပဳတ္ျခင္း၌ တဘက္ကမ္းခတ္ ကြ်မ္းက်င္ရသည္။ အဆိပ္အမ်ိဳးမ်ိဳး အေၾကာင္းကိုလည္း ေလ့လာရေသးသည္။ တိုင္းတစ္ပါးမွ ဘုရင္၊ မင္းသား၊ မွဴးမတ္၊ သူၾကြယ္ စသည္ သံတမန္ မ်ားကိုျပဳစုရသူမို႔ ဘာသာစကား ကြ်မ္းက်င္ရန္ကလည္း အေရးပါ ျပန္သည္။ စစ္မက္ေရးရာ မ်ားႏွင့္ မကင္း၊ သတင္း အေပးအယူတြင္ အေရးပါလွျပန္ရာ စကားအရာ ပါးနပ္လိမ္မာေအာင္ ဂရုစိုက္တတ္ရေသးသည္။ အတိုက္အခိုက္၊ အပစ္အခတ္ႏွင့္ ေဆး၀ါးကုသေရး အပိုင္းတြင္လည္း ဗဟုသုတ ရွိရျပန္သည္။ ေနာက္ဆံုးတစ္ခ်က္၊ အထူး က်င္လည္ တတ္ေျမာက္ ရသည္က ကာမ ေမြ႕ေလ်ာ္ ရာတြင္ ပုရိသတို႔ မရိုးႏိုင္ေအာင္ အမ်ိဳးမ်ိဳးေသာ ညိႈ႕ဓာတ္၊ အဆန္းဆန္းေသာ ပံုစံ အေနအထားတို႔ျဖင့္ ဆြဲေဆာင္ ႏိုင္ရသည္။

ဤႏွယ္ အသြယ္သြယ္ေသာ အတတ္တို႔ျဖင့္ ၀န္းရံအပ္သည့္ ပင္ကိုယ္ အလွပိုင္ရွင္ သီရိမာ။ သီရိမာ၏ အခ်င္းက ၾကယ္စင္ အေပါင္း၀န္းရံခသည့္ လမင္း စႏၵာပမာ ထြန္းလင္းလွ၏။ ရုပ္ဆင္းရူပါ အေနႏွင့္လည္း မယ္မယ္ သလႅ၀တီ မင္းသမီး ထက္ပင္ သာလြန္ေပသည္၊ ရဲရင့္မႈ၌ ပို စြမ္း ေပသည္၊ လိမ္မာ ပါးနပ္မႈ ပရိယာယ္ ပိုမို ၾကြယ္၀ ေပသည္ဟု တျပည္လံုးက သတ္မွတ္ လက္ခံၾကသည့္ သီရိမာ။ မဟာဆီ မဟာေသြး ျဖစ္သည့္ အျပင္ အထူးထူးေသာ ဂုဏ္အဂၤါ တို႔ျဖင့္ ထံုမႊမ္းအပ္သည့္ တိုင္းျပည့္ သမီးရတနာ ဘ၀ကို တရံတခါမွ် ပင္ ေနာင္တ မရခဲ့စဖူး။ မိမိ၏ အရည္အခ်င္းမ်ားႏွင့္ ပ်ိဳျမစ္ႏုနယ္ေသာ အလွအပကို မ်ားစြာ ေက်နပ္သည္။ ျပည့္ရွင္မင္းမွ အစ တိုင္းျပည္အျပား၊ ဂုဏ္သေရရွိ မင္းေယာက်ၤား အားလံုး မိမိ အလွတြင္ ေငးေမာရသည္။ မိမိ အျပဳစုတြင္ မင္သက္ မိန္းေမာ ၾကသည္။ မိမိ စကားတစ္ခြန္း၊ မ်က္ေတာင္ တစ္ခတ္တြင္ မက်ရံႈးေသာ ပုရိသ ဟူ၍ မရွိ။ ထိုသို႔ေသာ ဘ၀မ်ိဳးကို သီရိမာ အလြန္အမင္း ဂုဏ္ယူ ႏွစ္သက္ေပသည္။

“ခန္းမေဆာင္မွာ ဧည့္သည္တစ္ဦး ေစာင့္ဆိုင္းေနေၾကာင္းပါ အရွင္မ..”
“အင္.. သည္ေန႔အဘို႔က အရွင္မ အနားယူမယ့္ ရက္ေပပဲ စံအိမ္ေတာ္မႈးရဲ့.. ပသို႔ အေရးေၾကာင့္ ဧည့္သည္ကို အိမ္ေတာ္ထဲ ၀င္ခြင့္ ျပဳရေလသလဲ..”
“အကြ်န္ ေျပာပါေသးတယ္ အရီး.. ဧည့္သည္ သူၾကြယ္ကေတာ္က အရွင္မထံပါး အေရးတၾကီး အကူညီ ေတာင္းလိုေၾကာင္း ဆိုလာလို႔ပါ..”
“ဘယ္လို.. ဘယ္လို.. စံအိမ္ေတာ္မႈး.. ျပန္ ေျပာစမ္းပါအုန္း.. ဧည့္သည္က သူၾကြယ္ကေတာ္တဲ့လား.. က်မ ထံပါး အေရာက္လာတဲ့ ဧည့္သည္က မိန္းမသူေလလား..”
“မွန္ပါတယ္ အရွင္မ.. နႏၵ သူေဌးရဲ့ ကေတာ္မယား.. အရွင္မ ဥတၱရာပါ.. အေရးၾကီးတဲ့ အကူညီ ေတာင္းပါရေစလို႔ ဆိုလာပါတယ္..”
“……”

သီရီမာ အထူးပင္ အံ့အားသင့္မိသည္။ မိမိထံ ေရာက္လာသည့္ ဧည့္သည္ဟူသမွ်တြင္ မိန္းမသူ ဟူ၍ မရွိခဲ့စဖူး။ မင္းစိုးရာဇာ အသိုင္းအ၀ိုင္းအျပင္ မိမိ သတ္မွတ္ထားသည့္ အသျပာတန္ေၾကးကို တံစိုးအျဖစ္ ေပးႏိုင္သူ ပုရိသမ်ားမွ လြဲ၍ အျခား အေရးကိစၥအတြက္ လာေရာက္သည့္ ဧည့္သည္ ဟူ၍ မိမိတြင္ မရွိ။ အထူးသျဖင့္ အံအားသင့္မိသည္က လာေရာက္သူမွာ နႏၵသူေဌး၏ ကေတာ္မယားတဲ့။ ရာဇျဂိဳဟ္ တစ္ခုလံုးသာမက ေ၀သာလီဂဏ ႏိုင္ငံ အားလံုးရွိ မင္းစိုး မ်ိဳးျမတ္ ပုရိသမ်ား အားလံုး လာေရာက္ ဦးညႊတ္ၾကသည့္ မိမိအလွအပကို တရံတဆစ္မွ် လာေရာက္ ရႈစားျခင္းပင္ မရွိသည့္ သူေဌး နႏၵ။ ယခု မိမိထံ ေရာက္ေနသူက ထိုသူ၏ ကေတာ္မယား ဆိုပါလား။ ကိုယ္လက္ သန္႔စင္ျခင္းႏွင့္ ကတိုးနံ႔သာဆီတို႔ ထံုမႊမ္းျခင္း အမႈကလည္း ျပီးလုျပီ။ ေဒၚၾကာငံုအား ဧည့္သည္အတြက္ သင့္တင့္ ေလ်ာက္ပတ္ေသာ စားေသာက္ဖြယ္တို႔ တည္ခင္းရန္ အမိန္႔ေပးျပီး သြားႏွင့္ေစလိုက္သည္။ ေၾကးမံုထက္ရွိ မိမိ ပံုရိပ္ကို လွည့္ကာ၀ိုက္ကာ အဖန္ဖန္ စစ္ေဆးလိုက္၏။ စိတ္တိုင္း က်ေလာက္ေသာ အသြင္ဟန္ပန္ကို ရေလာက္ျပီဟု ယံုၾကည္မွပင္ အိမ္ေတာ္ ဧည့္ခန္းမေဆာင္သို႔ လွမ္းၾကြ ထြက္လာခဲ့လိုက္သည္။
သီရိမာ ေတြ႕လိုက္ရပါျပီ။ ဧည့္ခန္းေဆာင္ရွိ ေညာင္ေစာင္းထက္တြင္ ထိုင္ေနသူ အမ်ိဳးသမီး တစ္ဦး။ မိမိႏွင့္ သက္တူရြယ္မွ် ရွိမည့္ ထို အမ်ိဳးသမီးက မိမိအား ႏူးညံ့ေသာ အျပံဳးျဖင့္ ဆီးၾကိဳေနသည္။ လွလိုက္သည့္ အျပံဳး၊ တင့္တယ္လိုက္သည့္ ကိုယ္ေနဟန္၊ ေအးျမ ၾကည္လင္လိုက္သည့္ မ်က္၀န္းမ်ား။ အို.. ရုပ္ဆင္းအဂၤါက က်က္သေရ ရွိလြန္းလွပါလား။ အျပံဳးတို႔က အထူးႏွစ္လိုဖြယ္ သိမ္ေမြ႕ေအးခ်မ္း လြန္းလွပါလား။ အတိုင္းတိုင္း အျပည္ျပည္မွ အဖိုးတန္ အေဆာင္အေယာင္တို႔ျဖင့္ ဖိတ္ဖိတ္လက္ေနသည့္ မိမိ စံအိမ္ေတာ္ ဧည့္ေဆာင္ခန္းမၾကီး၏ အရွိန္အ၀ါက သူမ၏ ေအးခ်မ္း ျငိမ္သက္ေသာ အလွႏွင့္ ယွဥ္လိုက္လွ်င္ လမင္း၏ အလင္းေရာင္ကို မတု၀ံ့သည့္ ပိုးစုန္းက်ဴး ပမာ ေဖ်ာ့ေတာ့ ေမွးမိွန္သြားရေခ်ျပီ။ ဒါ.. ဒါ ဆို.. ငါ.. ငါ က ေရာ.. ။ သည္ အခန္းၾကီးရဲ့ ပိုင္ရွင္၊ သည္ စံအိမ္ေတာ္ၾကီးရဲ့ ပိုင္ရွင္ ျဖစ္တဲ့ ငါ က ေရာ..။

“က်မ ဥတၱရာပါ ညီမ သီရိမာ.. သုမန သူေဌးၾကီးရဲ့ ေခြ်းမ ဥတၱရာ ပါရွင္..”
“ရွင္.. အို.. ဟုတ္.. ဟုတ္ကဲ့.. သက္ေတာင့္သက္သာ စံပါ အရွင္မ ဥတၱရာ.. ခဲဖြယ္မ်ားလည္း သံုးေဆာင္ပါဦး..”
“ဟုတ္ကဲ့.. က်မ အေနနဲ႔ သီရိမာကို တင္ၾကိဳ ခြင့္ေတာင္းျခင္း မျပဳမိဘဲ ယခုလို အေစာတလ်င္ လာေရာက္မိတာ အားနာမိပါတယ္ ရွင္..”
“အို.. မဟုတ္တာပဲရွင္.. က်မ အဘို႔မွာက အမ်ိဳးသမီး ဧည့္သည္ေတာ္ဆိုတာ အံ့အားသင့္စရာ ျဖစ္ေနတာေၾကာင့္ပါ.. ထို႔ထက္ထူးတဲ့အေရး မရွိေပဘူး အမေတာ္.. စိုးစဥ္းမွ် စိတ္အေႏွာက္ယွက္ မျဖစ္ပါနဲ႔.. ”

အမေတာ္တဲ့လား။ မိမိႏႈတ္ဖ်ားမွ ထြက္သြားသည့္ အမႈမဲ့စကားက အမေတာ္တဲ့လား။ ဟုတ္ေပသားပဲေလ။ သူမ မ်က္ႏွာသြင္ျပင္နဲ႔ အျပံဳး ဟန္ပန္တို႔က ျငိမ္သက္ ၾကည္လင္လြန္းတယ္။ အဘယ္သို႔ အနက္ဖြင့္ရမည္ မသိေသာ္လည္း သီရိမာ ရင္ထဲတြင္ ဥတၱရာ အား အမရင္းတစ္ဦးႏွင့္မျခား ေအးျမေသာ ကြ်မ္း၀င္မႈ တစ္ခု ျဖစ္တည္ သြားေၾကာင္း ဒိဌ မလြဲေခ်။

“ေက်းဇူး ဥပကာရ တင္လွေပတယ္ ညီမေတာ္ရယ္.. က်မ မွာ ညီမေတာ္ ကူညီမွ ေျပလည္ႏိုင္စြမ္းမယ့္ အခက္ခဲတစ္ခု ၾကံဳေနရလို႔ လာေရာက္ျခင္း ျဖစ္ပါတယ္ ညီမေတာ္..”
“ၾကားသိပါရေစ အမေတာ္.. က်မျဖင့္ ယခုထိပင္ အံ့အားသင့္ မဆံုးေခ်ဘူး..”
“ဒီလိုပါ ညီမ သီရိမာ.. က်မ ရဲ့ ခင္ပြန္း ျဖစ္သူနဲ႔ ဖခင္ သုမန သူေဌးမင္းဟာ ဗုဒၶ ၀ါဒီ မဟုတ္ေၾကာင္း ညီမလည္း သိျပီးႏွင့္ ျဖစ္ပါလိမ့္မယ္..”
“သိေပတယ္ အမေတာ္..”
“က်မကေတာ့ လူမွန္း သိစကပင္ ဗုဒၶရဲ႕ အဆံုးအမကို လက္ခံက်င့္သံုးခဲ့တယ္.. ဒါန သီလ ဘာ၀နာကို အားကိုးျပဳျပီး က်င့္ၾကံ ေနထိုင္ခဲ့ေပတယ္ ညီမေတာ္..”
“ေကာင္းလွေပတယ္.. အမေတာ္.. အင္မတန္မွ မြန္ျမတ္သန္႔စင္တဲ့ ေဆာက္တည္မႈေပပဲေလ..”
“ဒါေပမယ့္ ညီမရယ္.. က်မ မွာ နႏၵ သတို႔သားနဲ႔ ထိမ္းျမား ျပီးစဥ္ကာလ ကတည္းက.. ဥပုသ္ သီတင္း သီလ မွ်ပင္ ေဆာက္တည္ခြင့္ မရခဲ့ဘူးေလ.. ေန႔စဥ္ သူ႕ကိုပဲ ျပဳစု ေစခဲ့တယ္..”
“အဟင္းဟင္း.. တန္ေတာ့ နႏၵ သူေဌးမင္းက အမကို သိပ္ခ်စ္ရွာ ထင္ပါရဲ့..”
“ပ်ိဳျမစ္ႏုနယ္သူ ပုရိသ တစ္ဦးရဲ့ ရမၼက္ အာသီသေပါ့ ညီမရယ္.. ဖိုနဲ႔မ ခ်စ္ျခင္း ေမတၱာ ဆိုတာက ရမၼက္ေဇာ မကင္းေပဘူးကိုး..”
“သည္အေရး တစ္ခုတည္းေတာ့ မဟုတ္တန္ရာဘူး အမရဲ့.. ေဘာက္မဲ့ေၾကာင့္ဆို ရာဇျဂိဳဟ္ရဲ႕ မင္းမ်ိဳးမင္းႏြယ္ သူေဌး သူၾကြယ္ေတြထဲမွာ က်မဆီကို ေရာက္မလာတဲ့ တစ္ဦးတည္းေသာ သူက အမရဲ့ ခင္ပြန္းပဲ ရွင့္..”
“မွန္ေပတယ္ ညီမငယ္.. သူ ညီမဆီ မလာတာေၾကာင့္ ညီမ သီရိမာကပဲ သူ႕ဆီ အေရာက္လာေပးဘို႔ က်မ အကူ အညီေတာင္းလိုတာပါ..”
“ဟင္.. ဘယ္လို.. အမက က်မကို အမ ခင္ပြန္းနဲ႕ ေတြ႕ေစခ်င္တယ္.. ဟုတ္လား..”

ညင္သာစြာ ေခါင္းျငိမ့္ျပလိုက္ေသာ ဥတၱရာ၏ အျပံဳးက ျငိမ္သက္လြန္းေသာ္လည္း သီရိမာ ႏွလံုးအိမ္ကမူ ေသရည္ယစ္မူး ကခုန္သူတို႔၏ စည္း၀ါးလြတ္ေသာ ေတးခ်င္း မ်ားပမာ ေယာက္ယက္ ခတ္လ်က္။ ပန္းဆီေရာင္ ႏႈတ္လႊာ ႏွစ္ခ်ပ္ကို တုန္ရီျခင္း ကင္းေအာင္ ထိန္းရင္း စကား ဆက္လိုက္ရသည္။

“က်မ သိထားသေလာက္ အမလို ဂုဏ္သေရရွိ မင္းစိုးသူၾကြယ္ ကေတာ္ေတြတိုင္း သူတို႕ ခင္ပြန္းေတြကို က်မဆီ အာရံုေရာက္မွာ စိုးထိတ္ ၾကသလားလို႔..”
“ဟုတ္ေကာင္း ဟုတ္ပါလိမ့္မယ္ ညီမ သီရိမာ.. သို႔ေသာ္လည္း အ့ံအားသင့္စိတ္ကို ေဖ်ာက္ျပီး က်မကို ကူညီဘို႔သာ စဥ္းစားေပးပါလား ကြယ္..”
“က်မ ကို ဘယ္လို ကူညီေစလိုတာမ်ားလဲ အမဥတၱရာ..”
“က်မ အိမ္မွာ ဆယ့္ငါးရက္တိတိ လာေနျပီး သူ႕ကို ခင္ပြန္း တစ္ေယာက္ လို ျပဳစုေပးေစလိုတာပါ..”
“အို.. ဆယ့္ငါးရက္.. ဟုတ္လား..”
“မွန္ေပတယ္ ညီမ သီရိမာ.. က်မေလ ဗုဒၶနဲ႕ သံဃာေတာ္ေတြကို ဆြမ္းဖိတ္လုပ္ေကြ်းရင္း သီလ ေဆာက္တည္ ခ်င္လို႔ပါ.. ဆယ့္ငါးရက္က တကယ္တမ္းဆို မၾကာလွပါဘူး ညီမရယ္.. က်သင့္တဲ့ တံစိုး ေၾကးေငြကိုလည္း ခု ကတည္းက ေပးခဲ့ပါ့မယ္.. က်မကို ကူညီပါ ေနာ္..”
“ဆယ့္ငါးရက္ ဆိုတာ သီတင္းႏွစ္ပတ္ေပပဲ အမဥတၱရာ.. အမ ခင္ပြန္းက သည္မွ်ေလာက္ ရက္အရွည္ၾကီး က်မ ျပဳစုတာ ႏွစ္သက္ပါ့မလား..”
“အို.. ငါ့ ညီမလို ရာဇျဂိဳဟ္ရဲ့ အင္းးး.. တကယ္ေတာ့ ရာဇျဂိဳဟ္တင္ မကပါဘူးေလ.. ေလာကမွာ အလွဆံုးလို႕ ေျပာလို႕ရတဲ့ မိန္းကေလး တစ္ဦးက လုပ္ေကြ်းျပဳစုတာကိုမွ မႏွစ္သက္ရင္ သူ ေသြးေလ ေျခာက္ျခားျပီး အာရံု ေမွာက္မွားေနလို႔ ျဖစ္ရင္ျဖစ္.. မဟုတ္ရင္ေတာ့ အာသေ၀ါ ကင္းစင္ေနလို႔႔ပဲ ျဖစ္ေပေတာ့မေပါ့ ညီမရဲ့..”
“…….”
“အမ ခင္ပြန္းအေၾကာင္း အမ အသိဆံုးေပ့ါ ညီမငယ္ရယ္.. ေတြေ၀ မေနပါနဲ႔.. အမ မုခ် ေျပာ၀ံ့တယ္.. သီရိမာထံ ဦးမဆြက မေရာက္မိတာ ေနာင္တေတာင္ ရေနမွာ.. အေတြ႕ ေနာက္က်လွခ်ည္ရဲ့လို႔ သူ႕ကိုသူ ျပစ္တင္မဆံုး ျဖစ္ေနေတာ့မွာ ညီမရဲ့..”
“က်မ ဘ၀မွာ ပုရိသ တစ္ေယာက္ကို ရက္ရွည္ ျပဳစုတာမ်ိဳး မရွိခဲ့ဖူး အမဥတၱရာ.. အထူးသျဖင့္ ခုလို ခင္ပြန္း ျဖစ္သူကို အေဖာ္ျပဳဘို႔ ဇနီး ကိုယ္တိုင္ ဖိတ္ေခၚတာမ်ိဳး အိပ္မက္ေတာင္ မျမင္မက္ခဲ့မိဘူး.. အံ့အားသင့္လို႔ ဆိုေပတာထက္ ဗုဒၶကို ဆြမ္း၀တ္ျပဳရင္း ဘာ၀နာအားထုတ္မယ့္ အမ ရည္ရြယ္ခ်က္ကို အေထာက္အပံ့ ျဖစ္ေစလိုတာေၾကာင့္ က်မ ကူညီပါ့မယ္..”
“အို.. ေက်းဇူး ၾကီးလွပါဘိေတာ့ ညီမငယ္ရယ္.. သာဓု သာဓု သာဓု ပါ.. အမ ျပဳသမွ် ေကာင္းမႈ အလံုးက ညီမရဲ့ ထူးျမတ္တဲ့ ပါရမီ အကူအပံ့ ပါမွ ေအာင္ျမင္မွာမို႔ပါ.. ငါ့ ညီမေလး အသြင္ လွသလို စိတ္ေန ျမင့္ျမတ္ ပါေပတယ္.. မင့္ ေက်းဇူးကို အမ မေမ့ပါဘူး ကြယ္..”
ဂ၀ံေက်ာက္သားျဖင့္ ကာရံထားသည့္ စည္းရိုး နီၾကီးက သာမန္ ေယာက်ၤား တစ္ဦး၏ အရပ္ ႏွစ္ျပန္စာခန္႔ ျမင့္မည္ ထင္ရသည္။ ျမင္းျဖဴေလးေကာင္ က ေသာ ရထားလံုး ရပ္တန္႔သည္ႏွင့္ တျပိဳင္နက္ ၾကည္လင္ ရႊင္ျပေသာ အျပံဳးျဖင့္ သီရိမာကို ၾကိဳေနသူက နႏၵ သူေဌး ကေတာ္ ဥတၱရာ။ ရံေရြေတာ္ ႏွစ္ဦးက သီရိမာ၏ အ၀တ္အစား ေသတၱာကို သယ္ေပးၾကသည္။ ကမ္းေပးလိုက္ေသာ ဥတၱရာ၏ လက္ကို ဖန္းဆုပ္လိုက္ရင္း ႏွစ္ဦးသား လက္ခ်င္းတြဲကာ စံအိမ္ေတာ္ ၀န္းထဲ ၀င္လာခဲ့ၾကသည္။ ေရာင္စံု ပြင့္ဖူးေနသည့္ ပန္းမာလ္တို႔က အလွျခင္း ျပိဳင္ေနသလို ရန႔ံသင္းလိႈင္ ေနေတာ့၏။ လိပ္ျပာၾကီးငယ္ တို႔၏ အဆင္အေသြးစံုတို႔က ပန္းတို႔ႏွင့္ အလွျခင္း ျပိဳင္ေနသည္။ သလင္းေက်ာက္ခင္း လမ္းကေလးအတိုင္း လွမ္းလာရင္း သီရိမာ လက္တို႔ ေအးစက္ လာခဲ့ေသာ္လည္း ႏွလံုးေသြး အလ်ဥ္ကေတာ့ လႈပ္ခတ္ ေႏြးေထြး ေနေတာ့၏။ စံအိမ္ေတာ္ အ၀င္၀တြင္ အမ်ိဳးသမီး ရံေရြ ႏွစ္ဦးက ဦးညႊတ္အရိုေသေပးရင္ ၾကိဳဆိုျပန္သည္။

ဧည့္ခန္းမေဆာင္ကို ျဖတ္သန္းလွမ္းလာစဥ္ သီရိမာ အေတြးတြင္ သည္စံအိမ္၏ ဧည့္ေဆာင္ကို မိမိ ဧည့္ေဆာင္ႏွင့္ မသိမသာ ခ်ိန္ႏိႈင္း ၾကည့္မိ၏။ ခင္းၾကင္း ဆင္ယင္ထားသည့္ ခန္း၀င္တို႔က အဘိုးထိုက္ လွေသာ္လည္း ျပင္ဆင္ပံုမွာ ရိုးရွင္းလွသည္။ သို႔ေသာ္ ျမင္ရသူ၏ စိတ္၀မ္းကို ျငိမ္သက္ ေအးခ်မ္းေစသည္ေတာ့ အမွန္ပင္။ ဥတၱရာ၏ လက္ကို ကိုင္တြဲလ်က္ကပင္ သူမ ဦးေဆာင္ ေခၚငင္ရာ အထက္ထပ္ ေလွခါးဆီ လွမ္းတက္ခဲ့၏။ မိမိအတြက္ ရည္ရြယ္ ျပင္ဆင္ထားဟန္တူေသာ အခန္းအတြင္း ေရာက္လာသည္။ ၾကီးမား က်ယ္ျပန္႔ေသာ ေညာင္ေစာင္း စက္ရာၾကီးက မိမိႏွင့္ နႏၵ သူေဌးေလး ယွဥ္တြဲ အိပ္စက္ရန္ အသင့္အေနထားႏွင့္ ေစာင့္ဆိုင္းေနသည္။ ပုရိႆ တစ္ဦးႏွင့္ ကာမ ေမြ႕ေလ်ာ္ရျခင္းက သီရိမာအတြက္ အလြန္ ရိုးစင္းေသာ အရာ။ သို႔ေသာ္ ဤေနရာ ဤဌာနက ဘဇာေရးေၾကာင့္မ်ား မိမိစိတ္ကို ေဆာက္တည္ရ ခက္ေလာက္ေအာင္ ပ်ံ႕လြင့္ေစပါသနည္း။ လက္ဖ်ားေလးဆီမွ ဖ်စ္ညွစ္လိုက္သည့္ အေတြ႕ကို ရမွပင္ သတိ၀င္မိသည္။

“ေခတၱခဏ အနား ယူလိုေသးသလား ညီမငယ္..”
“ရွင္..”
“ေအာ္.. ညီမငယ္ အနားယူလိုေသးသလားလို႔ ေမးလိုက္တာပါ.. ခဏ ေနရင္ ညီမသီရိမာကို ေမာင္ၾကီးနႏၵ နဲ႔ မိတ္ဖြဲ႕ေပးဘို႔ အမ လာေခၚမယ္ေလ.. ညီမငယ္ အသင့္ျဖစ္မယ့္ အခ်ိန္ေလာက္ေပါ့..”
“ေအာ္.. ဟုတ္.. ေကာင္းလွပါျပီ အမ ဥတၱရာ.. က်မ ခါးစည္း ရင္၀တ္မ်ား လဲလွယ္ျပီးလ်င္ ရပါျပီ.. ခရီးက မပန္းလွေပမယ့္ ေျမမႈံ ဖုန္သဲတို႔နဲ႔ အ၀တ္တန္ဆာမ်ားလည္း ေခြ်းအလိမ္းလိမ္း ျဖစ္ေနမလားပဲ..”
“အနားယူရင္း အလွဆံုး ျပင္ဆင္ႏွင့္ေပေတာ့ ညီမေရ.. ထမင္းတစ္အိုးက်က္ အခ်ိန္ေလာက္မွ အမ လာေခၚေပးမယ္..”

ဆင္မယဥ္သာ၏ လွမ္းၾကြဟန္ျဖင့္ ထြက္လွမ္းသြားေသာ ဥတၱရာ ၏ ေက်ာျပင္ကို အၾကည့္ ခြာရင္း ခန္းေဆာင္အတြင္း ေ၀့၀ိုက္ ရႈစားလိုက္သည္။ ကြ်န္းကႏုတ္ တိုင္လံုးၾကီးမ်ားက ေရႊပိန္းတစ္၀က္ႏွင့္ ခန္႔ထည္လွ၏။ နံရံ ေလးဘက္တြင္ ေရႊေဆးေရး ပန္းခ်ီကားခ်ပ္ၾကီးမ်ား ခ်ိတ္ဆြဲထားသည္။ မေဟာ္ဂနီေရာင္ ေျပာင္လက္ေနသည့္ အနားေဘာင္ ကြပ္ထားေသာ ေၾကးမံုျပင္ၾကီးထက္တြင္ မိမိပံုရိပ္ကို ျမင္ေနရ၏။ အခန္းေထာင့္မွ အခိုးေငြ႕မ်ား ျမင္ရသေယာင္ရွိ၍ ၾကည့္လိုက္ေတာ့ ေျမေစး အင္တံုငယ္ေလးတြင္ မီးျမိွဳက္ လက္စ နံ႔သာျဖဴ အပိုင္းအစ ေလးမ်ား။ မိမိိ သံုးေနက် ကတိုးနံ႔သာဆီႏွင့္ အတန္ငယ္ ျခားနားေသာ္လည္း နံ႔သာျဖဴ၏ ရနံ႔က မိမိစိတ္ကို ၾကည္လင္ေစသည္ေတာ့ အမွန္ပင္။

သီရိမာ ကိုယ္တည္း ျပံဳးမိသည္။ မိမိ ပိုင္ဆိုင္မႈ အေဆာင္ေယာင္တို႔ကို လြန္ဆန္၍ အျခားသူ၏ အေျခအေန တစ္ရပ္ကို ႏွစ္သက္မိသည္မွာ မိမိ ဘ၀တြင္ ဒါ ပထမဆံုး။ အ၀တ္အစား ေသတၱာ အတြင္းရွိ ၀တ္စံု တစ္စုံကို ထုတ္ယူရန္ ျပင္သည္။ အဖိုးထိုက္ ကတၱီပါ ပိုးဖဲတို႔ႏွင့္ ခ်ဳပ္လုပ္ ျပင္ဆင္ထားသည့္ ဆယ့္ငါးရက္စာ ၀တ္စံုတို႔က ေသတၱာၾကီးထဲတြင္ အထပ္လိုက္။ မၾကာမီ အခ်ိန္တြင္ မိမိအလွကို ရႈစားမည့္သူ ေရာက္လာေတာ့မည္။ ထိုသူက မိမိအား တစ္ရံတစ္ဆိတ္ကေလးမွ် စိတ္၀င္စားျခင္း မရွိခဲ့ဘူးသူ။ ထိုသူ႕အား မိမိ ခစားရမည္က တစ္ရက္ တစ္ခဏ မဟုတ္။ ထိုသူ႕ နေဘးတြင္ ရွိေနသည့္ ပါရမီျဖည့္ဘက္က မိမိထက္ မညံ့ေသာ လွပတင့္တယ္မႈမ်ားႏွင့္ မိန္းမတစ္ဦး။ ထို မိန္းမ၏ ဖိတ္ေခၚ စီစဥ္မႈေၾကာင့္ပင္ ဒီေနရာသို႔ မိမိ ေရာက္ေနရသည္။ ပုရိသ တစ္ဦးကို ျပဳစုရျခင္းက မဆန္းေသာ္လည္း ယခုက ေႏွာင္းခဲ့ျပီးေသာ ကာလမ်ားႏွင့္ ျခားနားလွသည္ပဲ။

မ်ားေျမာင္လွသည့္ အေတြးတို႔ကို အဆံုးသတ္ရင္း အလွဆံုးျဖစ္မည့္ ၀တ္စံုကို ေရြးထုတ္ရန္ ျပင္သည္။ ျပည့္ရွင္မင္း အျပင္ အျခားျခားေသာ ရာဇာမင္းစိုး သူၾကြယ္သူေကာင္းတို႔အား အလွဆံုးဆြဲေဆာင္ခဲ့သည့္ မိမိ၀တ္စံုမ်ား။ မိမိ အလွအား နႏၵ သူၾကြယ္ကို ရႈစားေစရန္ အေရး၊ ၀တ္စံု တစ္ထည္ ေရြးထုတ္ဘို႔က ဤမွ် ခက္လွပါကလား။ ၾကီးက်ယ္ ျမင့္ျမတ္လွေသာ ပြဲသဘင္

Unicode

အချစ်တက္ကသိုလ် မှ ကူးယူသည်.......

လ ရောင် ဆမ်း၍ လန်းသည့် မာလာ ( ၁ )

ရောင်နီတစ်ထောင် အလင်းဆောင်သော သူရိန်နေမင်းကား ရာဇဂြိုဟ် တိုင်းနိုင်ငံ၏ အရုဏ်ဦးကို အလင်းဖွင့်၍ ခွန်းဆက်လေပြီ။ ပြတင်းခန်းစီး၏ ဟိုမှာဘက်ဝယ် နေ့တဓူ၀ ဝတ္တရားတို့ကို ထမ်းဆောင်တော့မည့် လူကြီးလူငယ်တို့ ဟိုမှသည် လူးလာခေါက်တုန့်နှင့် နံနက်ခင်း အသက်ဝင် လာတော့၏။ လေးလံဆဲ မျက်ခွံမို့မို့တို့ကို အသာ ပုတ်ခတ်ရင်း စက်ရာ ညောင်စောင်းထက်မှ ထ လာသူ မိန်းမပျိုလေး တစ်ဦး။ လျော့ရဲ ပြေကျနေသည့် ရင်းစည်းနှင့် ခါးဝတ်ကို လက်တစ်ဘက်နှင့် အသာ ထိန်းရင်း ကြေးမုံပြင်ရှေ့သို့ ရောက်လာခဲ့၏။ ဖြီးသင်မှု မပြုရသေးသည့် ပိတုန်းရောင် ကေသာတို့က ဝင်းမွတ်သန့်စင်သော မျက်နှာကလေး ထက်တွင် ကပိုကယို။ ဆင်စွယ် ခေါင်းဘီးကို လှမ်းယူလိုက်ရင်း မျက်ဝန်းများက ညောင်စောင်း ထက်တွင် ဝတ်လစ်စလစ်နှင့် အိပ်မောကျနေဆဲ လုလင်ထံ အကြည့် ရောက်မိ၏။

ခံစားချက်မဲ့သော ပင့်သက်တစ်ခုကို ရှူထုတ်လိုက်ရင်း ကြေးမုံထက်မှ မိမိ ရုပ်သွင်ဆီ အာရုံ ပြန်ပို့လိုက်သည်။ တစ်ချက်နှစ်ချက် ခတ်လိုက်သည့် မျက်တောင် ကော့များက လိပ်ပြာငယ် တစ်ကောင် တောင်ပံခတ်သလို အနုပညာ ဆန်လှ၏။ ဖူးကြွ လှပသည့် နှုတ်လွှာ အစုံက ခြယ်သခြင်း မပြုရသေးသည့်တိုင် ပန်းသွေးရောင် သမ်းဆဲ။ မည်သည့် ရတနာ ဘယက်မျှ ဆင်ယင်မထားသည့် လည်တိုင်ကျော့ ထက်တွင် မိန်းမလှတို့ ပြယုဂ် ဖြစ်သည့် လည်ရေး သုံးရစ်က သဘာဝ၏ တန်ဆာအဖြစ် စွဲမက်ဖွယ် တည်နေသည်။ နက်မှောင်ထူထဲသော ကေသာအစုကို ဆင်စွယ်ခေါင်းဘီးဖြင့် အသာ ဖြီးသင်လိုက်၏။ ထို့နောက် ခရမ်းသွေးရောင် ပိုးကြိုးစဖြင့် မခို့တယို့ စည်းနှောင်လိုက်သည်။ ရင်စည်းနှင့် ခါးဝတ်ကို သေသပ်အောင် ပြင်ဆင်အပြီးတွင် အနားရှိ ငွေမောင်းကလေးကို လက်လှမ်းလိုက်၏။ သွယ်လျ လှပသည့် လက်ချောင်းကလေးများကို ခပ်ဆဆ လှုပ်ရှားလိုက်သည်။ သာယာသော မောင်းသံ အဆုံးတွင် မိမိ စက်ရာ အခန်းရှေ့သို့ တာဝန်ကျ အဆောင်မှုး နှစ်ဦး ရောက်လာသည်။

ဒေါင်းယဉ်ပျိုမ တစ်ကောင်၏ ကြွလှမ်းခြင်းမျိုးဖြင့် အိပ်ဆောင်ဝဆီ လှမ်းသွားပြီး ရွှေရေးသုတ် ကျွန်းတံခါးကြီးကို ဖွင့်ပေးလိုက်၏။ တုတ်ခိုင် ကျစ်လစ်သော ကိုယ်ဟန်နှင့် မလိုက်အောင်ပင် ဦးညွှတ် အရိုအသေ ပေးရင်း ရပ်နေသည့် အဆောင်တော်မှုး နှစ်ဦးကို ခေါင်းငြိမ့် ပြလိုက်သည်။ အမှုတော် ထမ်းနေကျ အဆောင်မှုးတို့က သခင့်အား အလိုက်သိစွာပင် ဦးညွှတ်ရင်း အိပ်ခန်းဆောင် အတွင်း ဝင်လာကြ၏။ တိုးသဲ့သဲ့ စကားသံ အဆုံးတွင် ညောင်စောင်းထက်မှ သူကြွယ်သား လုလင်ပျိုအား နှစ်ဦးသား တွဲကာ ခေါ်ဆောင် သွားကြသည်။ တောင်ရှည် ဝတ်လဲဖြင့် အစောတလျင် ရစ်ခြုံကာ ဖရိုဖရဲ ဆွဲယူ ခေါ်ဆောင်ခြင်း ခံရသည့် လုလင်ငယ်။ အသိအာရုံတို့က နိုးတဝက် အိပ်တဝက် ဖြစ်နေ၏။ မိမိက သာမန်အရပ်သား သူကြွယ်အဆင့်။ မည်မျှပင် အခကြေးငွေ တတ်နိုင်စေဦးတော့ ဤ စက်ရာဆောင်တွင် တညဥ့်တာ ပျော်ပါးပြီး နောက်တစ်နေ့မနက် မိုးသောက်သည်နှင့် မဖင့်မနှေး ခွာရမည်။ သည်တစ်ချက်က ဦးမဆွပင် ရှိနှင့်သော ထုံး ပေမို့ လုလင်ငယ် အနေနှင့် စောဒဂလည်း မတက်ဝံ့။ ကတီပါခင်း သလွန်စောင်း ထက်တွင် ကျော့ရှင်းစွာ စံနေသည့် ပန်းပုသူဇာ အလှနတ်သမီးအား လည်ပြန် ငေးကာငေးကာဖြင့် အိပ်ခန်းဆောင် ပြင်ပသို့ ရောက်သွား တော့သည်။

ဧည့်သည် လုလင် ထွက်ခွာပြီး ခဏတွင် ဖွင့်လက်စ အခန်းဝဆီမှ လက်စွဲတော် အထိန်း မိန်းမသူကြီး ဒေါ်ကြာငုံ ဝင်လာ၏။ သူမ လက်ထဲတွင် ယွန်းလင်ဗန်း တစ်ချပ်၊ လင်ဗန်းထက်ရှိ ငွေဖလားထဲတွင် မိမိကိုယ်ကို သုတ်သင်သန့်ရှင်းရန် ပန်းပေါင်းနံ့သာရည်များ။ ငွေဖလား နဘေး ရွှေကျုတ်လေးထဲတွင်က ကိုယ်အနှံ့ ထုံမွှမ်း လူးချယ်ရန် အဘိုးတန် ကတိုးနံ့သာဆီ။ ထိုင်ရာ သလွန်မှ အသာထပြီး ဒေါ်ကြာငုံကို ခေါင်းတစ်ချက် ဆတ်ပြလိုက်သည်။ ကြေးမှုံပြင်ရှေ့တွင် နေရာ ပြန်ယူလိုက်ရင်း မျက်လွှာတို့ကို မှေးစင်း ထားလိုက်၏။ တဒင်္ဂ အတွင်းမှာပင် ဒေါ်ကြာငုံ၏ နူးညံ့ ကျင်လည်သော လက်အစုံက မိမိ ကိုယ်အနှံ့ကို ပန်းပေါင်းဆီဖြင့် ငြင်သာစွာ ပွတ်သပ် ဆုပ်နယ်တော့၏။ တစ်ညဥ့် လုံးနီးပါး ရမ္မက်မီးတောက်တို့ဖြင့် လောင်မြိုက်ခဲ့ရသည့် မိမိ ခန္ဓာကိုယ်။ တရှိုက်မက်မက် အနမ်းများနှင့် ပုရိသ တစ်ဦး၏ ကိုယ်နံ့ အကြွင်းအကျန်၊ အငွေ့အသက် အားလုံး ပန်းပေါင်းဆီ၏ သင်းရနံ့ အောက်တွင် တစခြင်း ပျောက်ကွယ် သွားခဲ့ပြီ။

ဒေါ်ကြာငုံ၏ လက် အစုံက ရင်စည်းကို ဖြည်ချလိုက်၏။ ကြေးမုံထက်တွင် ဝိုးတဝါးပေါ်လာသည့် ရင်စိုင် သားမြတ်ထက်တွင် နှုတ်ခမ်းဖြင့် စုပ်နမ်းထားသည့် အရာများက မပျယ်ချင်သေး။ ဒေါ်ကြာငုံက မိမိ နောက်တွင် ကပ်လျက် ရပ်လိုက်သည်။ သားမြတ် အထက်သို့ ပန်းပေါင်းဆီ တစ်စက် ချ လိုက်၏။ နောက်တော့ လက်ဝါးနှင့် ဖွဖွ ပွတ်ချေရင်း အသာအယာ နှိပ်နယ်ပေးသည်။ ပရုတ်အနည်းငယ် စွက်ထားသည့် ပန်းပေါင်းဆီ၏ အတွေ့က ရှိန်းမြမြ။ မျက်တောင်များ မှေးစင်းရင်း ဒေါ်ကြာငုံ့ ရင်ကို အသာ ကျောမှီလိုက်၏။ ဒေါ်ကြာငုံ၏ ကျွမ်းကျင်သော လက်ချောင်းများက မိမိ ရင်စိုင် သားမြတ်နှင့် ဝမ်းဗိုက် တလျောက် ဆင်းချည် တက်ချည် နှိပ်နယ် ပွတ်သပ် ပေးနေသည်။ အော်.. ရမ္မက်.. ရမ္မက်.. မည်သူ့ထံမျှ မဆို၊ မည်သည့် နည်းနှင့်မျှ မဆို မကုန်ဆုံးနိုင်သော အရသာထူးကို ပေးသော ရမ္မက် ပါတကား။ အတွေ့၏ ရသာကို မှေးမှိတ်ခံစားရင်း မိမိ ဘဝကို ပြန်သုံးသပ်မိ၏။ 
မိမိ မွေးမာတာက ရာဇဂြိုဟ်၏ မြင့်မြတ်သော မျိုးနွယ်မှ ဆင်းသက်လာသူတစ်ဦး။ ဗိမ္မိသာရ မင်းကြီး၏ အမတ်ချုပ်ကြီးသမီး သလ္လဝတီ ဆိုလျင် ဝေသာလီ ဂဏ နိုင်ငံ အားလုံး၌ မသိသူမရှိ။ သိပ်ချော သိပ်လှသည့် အဆင်းရူပါ ပိုင်ရှင်မို့ (၇) ပြည်ထောင် မင်းများက အမြတ်တနိုး လာရောက် တောင်းရမ်းခြင်း ခံရသူ။ ဝေသာလီ တိုင်း၏ ဥပဒေအရ ဤသို့သော အလှဘုရင်မ များကို “နိုင်ငံတော်၏ သမီးကညာ၊ အမျိုးဇာတ် မြင့်မြတ်သူ အားလုံးပိုင်သူ” ဟူသော ဘွဲ့ ကို ပေးရ၏။ အနှီ လှဧကရီ သမီးပျိုသည် ရှင်ဘုရင် ကိုယ်တော်တိုင် ချီးမြှောက်အပ်သော စံနန်း ဥယျာဉ်တွင် စံစားရသည်။ မင်းစိုးရာဇာများနှင့် ဘုရင့်ဘွဲ့တော်ခံ သူကောင်း သူကြွယ် များကို ပြုစုရသည်။ ဂုဏ်သရေဆောင် မင်းခမ်း မင်းနားများ ရှိပါလျင် ဦးဆောင် စီမံခြင်း အမှုကို ထမ်းရွက် ရသည်။ စစ်မက် ရေးရာ များတွင်လည်း ပရိယာယ်မာယာ အစွမ်းကိုး၍ ညှိနှိုင်း၊ ထောက်လှမ်း၊ သတင်း ပေးယူခြင်း အမှုကို ပြုရသည်။

ဤသို့လျင် တိုင်းပြည့် တန်ဆာ အဖြစ် ရုပ်ဆင်းရူပါကို အရင်းပြု အမှုတော် ထမ်းရင်း ခမည်းတော် အဘယ မင်းသားနဲ့ အကြောင်းပြု စုံမက်ခဲ့၏။ သားတော်ကြီး ဇီဝက နှင့် သမီးငယ် ဖြစ်သော မိမိ (နာမအားဖြင့်) သီရိမာ ကို ဖွားမြင်ခဲ့သည်။ အကိုတော် ဇီဝကကို ခမည်းတော် အဘယ မင်းတြားကြီး ကိုယ်တော်တိုင် ရွှေနန်းတော်တွင် ခေါ်ယူ စောင့်ရှောက်တော်မူသည်။ မယ်ဖုရား၏ ရုပ်ဆင်းရူပါကို အမွေရသည့် မိမိကတော့ မယ်မယ့် အရိုက်အရာကို ဆက်ခံရသည်။ မယ်မယ် သလ္လဝတီ မင်းသမီး လွန်လေသော် အကိုတော် ဇီဝကက နန်းတွင်း သမား တော်ကြီးဇီဝက အဖြစ် ဂုဏ်သတင်း ကျော်ဇောခဲ့ပြီး မိမိ သီရိမာကတော့ ရာဇဂြိုဟ်ပြည်၏ ဘုရင်မင်းမြတ် အသိအမှတ်ပြု၊ တိုင်းပြည့်တန်ဆာ သမီးကညာ ဖြစ်ခဲ့ရသည်။ အတောင်နှစ်ဆယ်ဝတ် မင်းယောကျၤားများ နည်းတူ တိုင်းပြည်ရေးရာကို တဘက်တလမ်းမှ ဝန်တော် ထမ်းရွက်ရင်း မိမိ အလှအပနှင့် အသွေးအသား များကို တိုင်းပြည်ရေး အတွက် အသုံးချခဲ့ရသည်။

အရွယ်ရောက်သော ပုရိသတို့တွင် တစ်ဆယ့်ရှစ်ရပ်သော အတတ်တို့ကို သင်ယူရသကဲ့သို့ မိမိ သည်လည်း တိုင်းပြည့် ရတနာ သမီးပျိုတို့ တတ်အပ်သော အတတ်တို့ကို ဆည်းပူးရသည်။ မိန်းမသူ တစ်ဦး အနေနှင့် မိမိ သင်ယူခဲ့ရသော ပညာရပ်များကား သိမ်မွေ့ နက်နဲသလောက် အရင်းအနှီးလည်း နင့်သီး ကြီးမြတ် လှပေသည်။ ဖော့ဖယောင်းကဲ့သို့ ပြောင်းသွဲ့သော လက် အစုံဖြင့် အမျိုးမျိုးသော တူရိယာတို့ကို ကျွမ်းကျင် ပိုင်နိုင်အောင် တီးခတ်ခဲ့ရ၏။ အတိုင်းတိုင်း အပြည်ပြည်၏ ဓလေ့ရိုးရာ ကခုန်ခြင်း အမျိုးမျိုးကို ခက်ခဲပင်ပန်းစွာ သင်ယူခဲ့ရသည်။ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အပိုင်းတွင်လည်း မိမိကိုယ်ကိုသာမက ပြည့်ရှင်မင်းနှင့် ဂုဏ်သရေတော်ရှိ မင်းမျိုးနွယ် အားလုံးအတွက်ကိုပါ အခါရာသီအလိုက် သင့်တင့်စွာ စီရင်ပေးတတ်ရသည်။ မင်္ဂလာ စံအိမ်တော်နှင့် စက်ရာဆောင်များ၊ ဧည့်ဆောင်များကိုလည်း သေသပ်လှပ ယုံမျှမက ခင်းကျင်း အပ်သော သဘင်၏ အဆင့်အလိုက် ခန်းနား တင့်တယ်အောင် စီမံပြင်ဆင် တတ်ရသည်။

ချက်ရေးပြုတ်ရာ အမှုတို့တွင်လည်း အခြားသော မိန်းမသူများကဲ့သို့ ထမင်းတစ်အိုး၊ ဟင်းလျာ တစ်မည်နှင့် မပြီး။ သေရည်သေရက်နှင့် အဖျော် အရောအစပ်များအပြင် ကွမ်း၊ လက်ဘက်၊ ထောပတ်၊ မလိုင် ကဲ့သို့သော ခဲဘွယ် အစုစုတို့ စီမံချက်ပြုတ်ခြင်း၌ တဘက်ကမ်းခတ် ကျွမ်းကျင်ရသည်။ အဆိပ်အမျိုးမျိုး အကြောင်းကိုလည်း လေ့လာရသေးသည်။ တိုင်းတစ်ပါးမှ ဘုရင်၊ မင်းသား၊ မှူးမတ်၊ သူကြွယ် စသည် သံတမန် များကိုပြုစုရသူမို့ ဘာသာစကား ကျွမ်းကျင်ရန်ကလည်း အရေးပါ ပြန်သည်။ စစ်မက်ရေးရာ များနှင့် မကင်း၊ သတင်း အပေးအယူတွင် အရေးပါလှပြန်ရာ စကားအရာ ပါးနပ်လိမ်မာအောင် ဂရုစိုက်တတ်ရသေးသည်။ အတိုက်အခိုက်၊ အပစ်အခတ်နှင့် ဆေးဝါးကုသရေး အပိုင်းတွင်လည်း ဗဟုသုတ ရှိရပြန်သည်။ နောက်ဆုံးတစ်ချက်၊ အထူး ကျင်လည် တတ်မြောက် ရသည်က ကာမ မွေ့လျော် ရာတွင် ပုရိသတို့ မရိုးနိုင်အောင် အမျိုးမျိုးသော ညှို့ဓာတ်၊ အဆန်းဆန်းသော ပုံစံ အနေအထားတို့ဖြင့် ဆွဲဆောင် နိုင်ရသည်။

ဤနှယ် အသွယ်သွယ်သော အတတ်တို့ဖြင့် ဝန်းရံအပ်သည့် ပင်ကိုယ် အလှပိုင်ရှင် သီရိမာ။ သီရိမာ၏ အချင်းက ကြယ်စင် အပေါင်းဝန်းရံခသည့် လမင်း စန္ဒာပမာ ထွန်းလင်းလှ၏။ ရုပ်ဆင်းရူပါ အနေနှင့်လည်း မယ်မယ် သလ္လဝတီ မင်းသမီး ထက်ပင် သာလွန်ပေသည်၊ ရဲရင့်မှု၌ ပို စွမ်း ပေသည်၊ လိမ်မာ ပါးနပ်မှု ပရိယာယ် ပိုမို ကြွယ်၀ ပေသည်ဟု တပြည်လုံးက သတ်မှတ် လက်ခံကြသည့် သီရိမာ။ မဟာဆီ မဟာသွေး ဖြစ်သည့် အပြင် အထူးထူးသော ဂုဏ်အင်္ဂါ တို့ဖြင့် ထုံမွှမ်းအပ်သည့် တိုင်းပြည့် သမီးရတနာ ဘဝကို တရံတခါမျှ ပင် နောင်တ မရခဲ့စဖူး။ မိမိ၏ အရည်အချင်းများနှင့် ပျိုမြစ်နုနယ်သော အလှအပကို များစွာ ကျေနပ်သည်။ ပြည့်ရှင်မင်းမှ အစ တိုင်းပြည်အပြား၊ ဂုဏ်သရေရှိ မင်းယောကျၤား အားလုံး မိမိ အလှတွင် ငေးမောရသည်။ မိမိ အပြုစုတွင် မင်သက် မိန်းမော ကြသည်။ မိမိ စကားတစ်ခွန်း၊ မျက်တောင် တစ်ခတ်တွင် မကျရှုံးသော ပုရိသ ဟူ၍ မရှိ။ ထိုသို့သော ဘဝမျိုးကို သီရိမာ အလွန်အမင်း ဂုဏ်ယူ နှစ်သက်ပေသည်။

“ခန်းမဆောင်မှာ ဧည့်သည်တစ်ဦး စောင့်ဆိုင်းနေကြောင်းပါ အရှင်မ..”
“အင်.. သည်နေ့အဘို့က အရှင်မ အနားယူမယ့် ရက်ပေပဲ စံအိမ်တော်မှုးရဲ့.. ပသို့ အရေးကြောင့် ဧည့်သည်ကို အိမ်တော်ထဲ ဝင်ခွင့် ပြုရလေသလဲ..”
“အကျွန် ပြောပါသေးတယ် အရီး.. ဧည့်သည် သူကြွယ်ကတော်က အရှင်မထံပါး အရေးတကြီး အကူညီ တောင်းလိုကြောင်း ဆိုလာလို့ပါ..”
“ဘယ်လို.. ဘယ်လို.. စံအိမ်တော်မှုး.. ပြန် ပြောစမ်းပါအုန်း.. ဧည့်သည်က သူကြွယ်ကတော်တဲ့လား.. ကျမ ထံပါး အရောက်လာတဲ့ ဧည့်သည်က မိန်းမသူလေလား..”
“မှန်ပါတယ် အရှင်မ.. နန္ဒ သူဌေးရဲ့ ကတော်မယား.. အရှင်မ ဥတ္တရာပါ.. အရေးကြီးတဲ့ အကူညီ တောင်းပါရစေလို့ ဆိုလာပါတယ်..”
“……”

သီရီမာ အထူးပင် အံ့အားသင့်မိသည်။ မိမိထံ ရောက်လာသည့် ဧည့်သည်ဟူသမျှတွင် မိန်းမသူ ဟူ၍ မရှိခဲ့စဖူး။ မင်းစိုးရာဇာ အသိုင်းအဝိုင်းအပြင် မိမိ သတ်မှတ်ထားသည့် အသပြာတန်ကြေးကို တံစိုးအဖြစ် ပေးနိုင်သူ ပုရိသများမှ လွဲ၍ အခြား အရေးကိစ္စအတွက် လာရောက်သည့် ဧည့်သည် ဟူ၍ မိမိတွင် မရှိ။ အထူးသဖြင့် အံအားသင့်မိသည်က လာရောက်သူမှာ နန္ဒသူဌေး၏ ကတော်မယားတဲ့။ ရာဇဂြိုဟ် တစ်ခုလုံးသာမက ဝေသာလီဂဏ နိုင်ငံ အားလုံးရှိ မင်းစိုး မျိုးမြတ် ပုရိသများ အားလုံး လာရောက် ဦးညွှတ်ကြသည့် မိမိအလှအပကို တရံတဆစ်မျှ လာရောက် ရှုစားခြင်းပင် မရှိသည့် သူဌေး နန္ဒ။ ယခု မိမိထံ ရောက်နေသူက ထိုသူ၏ ကတော်မယား ဆိုပါလား။ ကိုယ်လက် သန့်စင်ခြင်းနှင့် ကတိုးနံ့သာဆီတို့ ထုံမွှမ်းခြင်း အမှုကလည်း ပြီးလုပြီ။ ဒေါ်ကြာငုံအား ဧည့်သည်အတွက် သင့်တင့် လျောက်ပတ်သော စားသောက်ဖွယ်တို့ တည်ခင်းရန် အမိန့်ပေးပြီး သွားနှင့်စေလိုက်သည်။ ကြေးမုံထက်ရှိ မိမိ ပုံရိပ်ကို လှည့်ကာဝိုက်ကာ အဖန်ဖန် စစ်ဆေးလိုက်၏။ စိတ်တိုင်း ကျလောက်သော အသွင်ဟန်ပန်ကို ရလောက်ပြီဟု ယုံကြည်မှပင် အိမ်တော် ဧည့်ခန်းမဆောင်သို့ လှမ်းကြွ ထွက်လာခဲ့လိုက်သည်။ 
သီရိမာ တွေ့လိုက်ရပါပြီ။ ဧည့်ခန်းဆောင်ရှိ ညောင်စောင်းထက်တွင် ထိုင်နေသူ အမျိုးသမီး တစ်ဦး။ မိမိနှင့် သက်တူရွယ်မျှ ရှိမည့် ထို အမျိုးသမီးက မိမိအား နူးညံ့သော အပြုံးဖြင့် ဆီးကြိုနေသည်။ လှလိုက်သည့် အပြုံး၊ တင့်တယ်လိုက်သည့် ကိုယ်နေဟန်၊ အေးမြ ကြည်လင်လိုက်သည့် မျက်ဝန်းများ။ အို.. ရုပ်ဆင်းအင်္ဂါက ကျက်သရေ ရှိလွန်းလှပါလား။ အပြုံးတို့က အထူးနှစ်လိုဖွယ် သိမ်မွေ့အေးချမ်း လွန်းလှပါလား။ အတိုင်းတိုင်း အပြည်ပြည်မှ အဖိုးတန် အဆောင်အယောင်တို့ဖြင့် ဖိတ်ဖိတ်လက်နေသည့် မိမိ စံအိမ်တော် ဧည့်ဆောင်ခန်းမကြီး၏ အရှိန်အဝါက သူမ၏ အေးချမ်း ငြိမ်သက်သော အလှနှင့် ယှဉ်လိုက်လျှင် လမင်း၏ အလင်းရောင်ကို မတုဝံ့သည့် ပိုးစုန်းကျူး ပမာ ဖျော့တော့ မှေးမှိန်သွားရချေပြီ။ ဒါ.. ဒါ ဆို.. ငါ.. ငါ က ရော.. ။ သည် အခန်းကြီးရဲ့ ပိုင်ရှင်၊ သည် စံအိမ်တော်ကြီးရဲ့ ပိုင်ရှင် ဖြစ်တဲ့ ငါ က ရော..။

“ကျမ ဥတ္တရာပါ ညီမ သီရိမာ.. သုမန သူဌေးကြီးရဲ့ ချွေးမ ဥတ္တရာ ပါရှင်..”
“ရှင်.. အို.. ဟုတ်.. ဟုတ်ကဲ့.. သက်တောင့်သက်သာ စံပါ အရှင်မ ဥတ္တရာ.. ခဲဖွယ်များလည်း သုံးဆောင်ပါဦး..”
“ဟုတ်ကဲ့.. ကျမ အနေနဲ့ သီရိမာကို တင်ကြို ခွင့်တောင်းခြင်း မပြုမိဘဲ ယခုလို အစောတလျင် လာရောက်မိတာ အားနာမိပါတယ် ရှင်..”
“အို.. မဟုတ်တာပဲရှင်.. ကျမ အဘို့မှာက အမျိုးသမီး ဧည့်သည်တော်ဆိုတာ အံ့အားသင့်စရာ ဖြစ်နေတာကြောင့်ပါ.. ထို့ထက်ထူးတဲ့အရေး မရှိပေဘူး အမတော်.. စိုးစဉ်းမျှ စိတ်အနှောက်ယှက် မဖြစ်ပါနဲ့.. ”

အမတော်တဲ့လား။ မိမိနှုတ်ဖျားမှ ထွက်သွားသည့် အမှုမဲ့စကားက အမတော်တဲ့လား။ ဟုတ်ပေသားပဲလေ။ သူမ မျက်နှာသွင်ပြင်နဲ့ အပြုံး ဟန်ပန်တို့က ငြိမ်သက် ကြည်လင်လွန်းတယ်။ အဘယ်သို့ အနက်ဖွင့်ရမည် မသိသော်လည်း သီရိမာ ရင်ထဲတွင် ဥတ္တရာ အား အမရင်းတစ်ဦးနှင့်မခြား အေးမြသော ကျွမ်းဝင်မှု တစ်ခု ဖြစ်တည် သွားကြောင်း ဒိဌ မလွဲချေ။

“ကျေးဇူး ဥပကာရ တင်လှပေတယ် ညီမတော်ရယ်.. ကျမ မှာ ညီမတော် ကူညီမှ ပြေလည်နိုင်စွမ်းမယ့် အခက်ခဲတစ်ခု ကြုံနေရလို့ လာရောက်ခြင်း ဖြစ်ပါတယ် ညီမတော်..”
“ကြားသိပါရစေ အမတော်.. ကျမဖြင့် ယခုထိပင် အံ့အားသင့် မဆုံးချေဘူး..”
“ဒီလိုပါ ညီမ သီရိမာ.. ကျမ ရဲ့ ခင်ပွန်း ဖြစ်သူနဲ့ ဖခင် သုမန သူဌေးမင်းဟာ ဗုဒ္ဓ ဝါဒီ မဟုတ်ကြောင်း ညီမလည်း သိပြီးနှင့် ဖြစ်ပါလိမ့်မယ်..”
“သိပေတယ် အမတော်..”
“ကျမကတော့ လူမှန်း သိစကပင် ဗုဒ္ဓရဲ့ အဆုံးအမကို လက်ခံကျင့်သုံးခဲ့တယ်.. ဒါန သီလ ဘာဝနာကို အားကိုးပြုပြီး ကျင့်ကြံ နေထိုင်ခဲ့ပေတယ် ညီမတော်..”
“ကောင်းလှပေတယ်.. အမတော်.. အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ ဆောက်တည်မှုပေပဲလေ..”
“ဒါပေမယ့် ညီမရယ်.. ကျမ မှာ နန္ဒ သတို့သားနဲ့ ထိမ်းမြား ပြီးစဉ်ကာလ ကတည်းက.. ဥပုသ် သီတင်း သီလ မျှပင် ဆောက်တည်ခွင့် မရခဲ့ဘူးလေ.. နေ့စဉ် သူ့ကိုပဲ ပြုစု စေခဲ့တယ်..”
“အဟင်းဟင်း.. တန်တော့ နန္ဒ သူဌေးမင်းက အမကို သိပ်ချစ်ရှာ ထင်ပါရဲ့..”
“ပျိုမြစ်နုနယ်သူ ပုရိသ တစ်ဦးရဲ့ ရမ္မက် အာသီသပေါ့ ညီမရယ်.. ဖိုနဲ့မ ချစ်ခြင်း မေတ္တာ ဆိုတာက ရမ္မက်ဇော မကင်းပေဘူးကိုး..”
“သည်အရေး တစ်ခုတည်းတော့ မဟုတ်တန်ရာဘူး အမရဲ့.. ဘောက်မဲ့ကြောင့်ဆို ရာဇဂြိုဟ်ရဲ့ မင်းမျိုးမင်းနွယ် သူဌေး သူကြွယ်တွေထဲမှာ ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသော သူက အမရဲ့ ခင်ပွန်းပဲ ရှင့်..”
“မှန်ပေတယ် ညီမငယ်.. သူ ညီမဆီ မလာတာကြောင့် ညီမ သီရိမာကပဲ သူ့ဆီ အရောက်လာပေးဘို့ ကျမ အကူ အညီတောင်းလိုတာပါ..”
“ဟင်.. ဘယ်လို.. အမက ကျမကို အမ ခင်ပွန်းနဲ့ တွေ့စေချင်တယ်.. ဟုတ်လား..”

ညင်သာစွာ ခေါင်းငြိမ့်ပြလိုက်သော ဥတ္တရာ၏ အပြုံးက ငြိမ်သက်လွန်းသော်လည်း သီရိမာ နှလုံးအိမ်ကမူ သေရည်ယစ်မူး ကခုန်သူတို့၏ စည်းဝါးလွတ်သော တေးချင်း များပမာ ယောက်ယက် ခတ်လျက်။ ပန်းဆီရောင် နှုတ်လွှာ နှစ်ချပ်ကို တုန်ရီခြင်း ကင်းအောင် ထိန်းရင်း စကား ဆက်လိုက်ရသည်။

“ကျမ သိထားသလောက် အမလို ဂုဏ်သရေရှိ မင်းစိုးသူကြွယ် ကတော်တွေတိုင်း သူတို့ ခင်ပွန်းတွေကို ကျမဆီ အာရုံရောက်မှာ စိုးထိတ် ကြသလားလို့..”
“ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ် ညီမ သီရိမာ.. သို့သော်လည်း အံ့အားသင့်စိတ်ကို ဖျောက်ပြီး ကျမကို ကူညီဘို့သာ စဉ်းစားပေးပါလား ကွယ်..”
“ကျမ ကို ဘယ်လို ကူညီစေလိုတာများလဲ အမဥတ္တရာ..”
“ကျမ အိမ်မှာ ဆယ့်ငါးရက်တိတိ လာနေပြီး သူ့ကို ခင်ပွန်း တစ်ယောက် လို ပြုစုပေးစေလိုတာပါ..”
“အို.. ဆယ့်ငါးရက်.. ဟုတ်လား..”
“မှန်ပေတယ် ညီမ သီရိမာ.. ကျမလေ ဗုဒ္ဓနဲ့ သံဃာတော်တွေကို ဆွမ်းဖိတ်လုပ်ကျွေးရင်း သီလ ဆောက်တည် ချင်လို့ပါ.. ဆယ့်ငါးရက်က တကယ်တမ်းဆို မကြာလှပါဘူး ညီမရယ်.. ကျသင့်တဲ့ တံစိုး ကြေးငွေကိုလည်း ခု ကတည်းက ပေးခဲ့ပါ့မယ်.. ကျမကို ကူညီပါ နော်..”
“ဆယ့်ငါးရက် ဆိုတာ သီတင်းနှစ်ပတ်ပေပဲ အမဥတ္တရာ.. အမ ခင်ပွန်းက သည်မျှလောက် ရက်အရှည်ကြီး ကျမ ပြုစုတာ နှစ်သက်ပါ့မလား..”
“အို.. ငါ့ ညီမလို ရာဇဂြိုဟ်ရဲ့ အင်းးး.. တကယ်တော့ ရာဇဂြိုဟ်တင် မကပါဘူးလေ.. လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ မိန်းကလေး တစ်ဦးက လုပ်ကျွေးပြုစုတာကိုမှ မနှစ်သက်ရင် သူ သွေးလေ ခြောက်ခြားပြီး အာရုံ မှောက်မှားနေလို့ ဖြစ်ရင်ဖြစ်.. မဟုတ်ရင်တော့ အာသဝေါ ကင်းစင်နေလို့ပဲ ဖြစ်ပေတော့မပေါ့ ညီမရဲ့..”
“…….”
“အမ ခင်ပွန်းအကြောင်း အမ အသိဆုံးပေ့ါ ညီမငယ်ရယ်.. တွေေ၀ မနေပါနဲ့.. အမ မုချ ပြောဝံ့တယ်.. သီရိမာထံ ဦးမဆွက မရောက်မိတာ နောင်တတောင် ရနေမှာ.. အတွေ့ နောက်ကျလှချည်ရဲ့လို့ သူ့ကိုသူ ပြစ်တင်မဆုံး ဖြစ်နေတော့မှာ ညီမရဲ့..”
“ကျမ ဘဝမှာ ပုရိသ တစ်ယောက်ကို ရက်ရှည် ပြုစုတာမျိုး မရှိခဲ့ဖူး အမဥတ္တရာ.. အထူးသဖြင့် ခုလို ခင်ပွန်း ဖြစ်သူကို အဖော်ပြုဘို့ ဇနီး ကိုယ်တိုင် ဖိတ်ခေါ်တာမျိုး အိပ်မက်တောင် မမြင်မက်ခဲ့မိဘူး.. အံ့အားသင့်လို့ ဆိုပေတာထက် ဗုဒ္ဓကို ဆွမ်းဝတ်ပြုရင်း ဘာဝနာအားထုတ်မယ့် အမ ရည်ရွယ်ချက်ကို အထောက်အပံ့ ဖြစ်စေလိုတာကြောင့် ကျမ ကူညီပါ့မယ်..”
“အို.. ကျေးဇူး ကြီးလှပါဘိတော့ ညီမငယ်ရယ်.. သာဓု သာဓု သာဓု ပါ.. အမ ပြုသမျှ ကောင်းမှု အလုံးက ညီမရဲ့ ထူးမြတ်တဲ့ ပါရမီ အကူအပံ့ ပါမှ အောင်မြင်မှာမို့ပါ.. ငါ့ ညီမလေး အသွင် လှသလို စိတ်နေ မြင့်မြတ် ပါပေတယ်.. မင့် ကျေးဇူးကို အမ မမေ့ပါဘူး ကွယ်..”
ဂဝံကျောက်သားဖြင့် ကာရံထားသည့် စည်းရိုး နီကြီးက သာမန် ယောကျၤား တစ်ဦး၏ အရပ် နှစ်ပြန်စာခန့် မြင့်မည် ထင်ရသည်။ မြင်းဖြူလေးကောင် က သော ရထားလုံး ရပ်တန့်သည်နှင့် တပြိုင်နက် ကြည်လင် ရွှင်ပြသော အပြုံးဖြင့် သီရိမာကို ကြိုနေသူက နန္ဒ သူဌေး ကတော် ဥတ္တရာ။ ရံရွေတော် နှစ်ဦးက သီရိမာ၏ အဝတ်အစား သေတ္တာကို သယ်ပေးကြသည်။ ကမ်းပေးလိုက်သော ဥတ္တရာ၏ လက်ကို ဖန်းဆုပ်လိုက်ရင်း နှစ်ဦးသား လက်ချင်းတွဲကာ စံအိမ်တော် ဝန်းထဲ ဝင်လာခဲ့ကြသည်။ ရောင်စုံ ပွင့်ဖူးနေသည့် ပန်းမာလ်တို့က အလှခြင်း ပြိုင်နေသလို ရနံ့သင်းလှိုင် နေတော့၏။ လိပ်ပြာကြီးငယ် တို့၏ အဆင်အသွေးစုံတို့က ပန်းတို့နှင့် အလှခြင်း ပြိုင်နေသည်။ သလင်းကျောက်ခင်း လမ်းကလေးအတိုင်း လှမ်းလာရင်း သီရိမာ လက်တို့ အေးစက် လာခဲ့သော်လည်း နှလုံးသွေး အလျဉ်ကတော့ လှုပ်ခတ် နွေးထွေး နေတော့၏။ စံအိမ်တော် အဝင်ဝတွင် အမျိုးသမီး ရံရွေ နှစ်ဦးက ဦးညွှတ်အရိုသေပေးရင် ကြိုဆိုပြန်သည်။

ဧည့်ခန်းမဆောင်ကို ဖြတ်သန်းလှမ်းလာစဉ် သီရိမာ အတွေးတွင် သည်စံအိမ်၏ ဧည့်ဆောင်ကို မိမိ ဧည့်ဆောင်နှင့် မသိမသာ ချိန်နှိုင်း ကြည့်မိ၏။ ခင်းကြင်း ဆင်ယင်ထားသည့် ခန်းဝင်တို့က အဘိုးထိုက် လှသော်လည်း ပြင်ဆင်ပုံမှာ ရိုးရှင်းလှသည်။ သို့သော် မြင်ရသူ၏ စိတ်ဝမ်းကို ငြိမ်သက် အေးချမ်းစေသည်တော့ အမှန်ပင်။ ဥတ္တရာ၏ လက်ကို ကိုင်တွဲလျက်ကပင် သူမ ဦးဆောင် ခေါ်ငင်ရာ အထက်ထပ် လှေခါးဆီ လှမ်းတက်ခဲ့၏။ မိမိအတွက် ရည်ရွယ် ပြင်ဆင်ထားဟန်တူသော အခန်းအတွင်း ရောက်လာသည်။ ကြီးမား ကျယ်ပြန့်သော ညောင်စောင်း စက်ရာကြီးက မိမိနှင့် နန္ဒ သူဌေးလေး ယှဉ်တွဲ အိပ်စက်ရန် အသင့်အနေထားနှင့် စောင့်ဆိုင်းနေသည်။ ပုရိဿ တစ်ဦးနှင့် ကာမ မွေ့လျော်ရခြင်းက သီရိမာအတွက် အလွန် ရိုးစင်းသော အရာ။ သို့သော် ဤနေရာ ဤဌာနက ဘဇာရေးကြောင့်များ မိမိစိတ်ကို ဆောက်တည်ရ ခက်လောက်အောင် ပျံ့လွင့်စေပါသနည်း။ လက်ဖျားလေးဆီမှ ဖျစ်ညှစ်လိုက်သည့် အတွေ့ကို ရမှပင် သတိဝင်မိသည်။

“ခေတ္တခဏ အနား ယူလိုသေးသလား ညီမငယ်..”
“ရှင်..”
“အော်.. ညီမငယ် အနားယူလိုသေးသလားလို့ မေးလိုက်တာပါ.. ခဏ နေရင် ညီမသီရိမာကို မောင်ကြီးနန္ဒ နဲ့ မိတ်ဖွဲ့ပေးဘို့ အမ လာခေါ်မယ်လေ.. ညီမငယ် အသင့်ဖြစ်မယ့် အချိန်လောက်ပေါ့..”
“အော်.. ဟုတ်.. ကောင်းလှပါပြီ အမ ဥတ္တရာ.. ကျမ ခါးစည်း ရင်ဝတ်များ လဲလှယ်ပြီးလျင် ရပါပြီ.. ခရီးက မပန်းလှပေမယ့် မြေမှုံ ဖုန်သဲတို့နဲ့ အဝတ်တန်ဆာများလည်း ချွေးအလိမ်းလိမ်း ဖြစ်နေမလားပဲ..”
“အနားယူရင်း အလှဆုံး ပြင်ဆင်နှင့်ပေတော့ ညီမရေ.. ထမင်းတစ်အိုးကျက် အချိန်လောက်မှ အမ လာခေါ်ပေးမယ်..”

ဆင်မယဉ်သာ၏ လှမ်းကြွဟန်ဖြင့် ထွက်လှမ်းသွားသော ဥတ္တရာ ၏ ကျောပြင်ကို အကြည့် ခွာရင်း ခန်းဆောင်အတွင်း ဝေ့ဝိုက် ရှုစားလိုက်သည်။ ကျွန်းကနုတ် တိုင်လုံးကြီးများက ရွှေပိန်းတစ်ဝက်နှင့် ခန့်ထည်လှ၏။ နံရံ လေးဘက်တွင် ရွှေဆေးရေး ပန်းချီကားချပ်ကြီးများ ချိတ်ဆွဲထားသည်။ မဟော်ဂနီရောင် ပြောင်လက်နေသည့် အနားဘောင် ကွပ်ထားသော ကြေးမုံပြင်ကြီးထက်တွင် မိမိပုံရိပ်ကို မြင်နေရ၏။ အခန်းထောင့်မှ အခိုးငွေ့များ မြင်ရသယောင်ရှိ၍ ကြည့်လိုက်တော့ မြေစေး အင်တုံငယ်လေးတွင် မီးမြှိုက် လက်စ နံ့သာဖြူ အပိုင်းအစ လေးများ။ မိမိ သုံးနေကျ ကတိုးနံ့သာဆီနှင့် အတန်ငယ် ခြားနားသော်လည်း နံ့သာဖြူ၏ ရနံ့က မိမိစိတ်ကို ကြည်လင်စေသည်တော့ အမှန်ပင်။

သီရိမာ ကိုယ်တည်း ပြုံးမိသည်။ မိမိ ပိုင်ဆိုင်မှု အဆောင်ယောင်တို့ကို လွန်ဆန်၍ အခြားသူ၏ အခြေအနေ တစ်ရပ်ကို နှစ်သက်မိသည်မှာ မိမိ ဘဝတွင် ဒါ ပထမဆုံး။ အဝတ်အစား သေတ္တာ အတွင်းရှိ ဝတ်စုံ တစ်စုံကို ထုတ်ယူရန် ပြင်သည်။ အဖိုးထိုက် ကတ္တီပါ ပိုးဖဲတို့နှင့် ချုပ်လုပ် ပြင်ဆင်ထားသည့် ဆယ့်ငါးရက်စာ ဝတ်စုံတို့က သေတ္တာကြီးထဲတွင် အထပ်လိုက်။ မကြာမီ အချိန်တွင် မိမိအလှကို ရှုစားမည့်သူ ရောက်လာတော့မည်။ ထိုသူက မိမိအား တစ်ရံတစ်ဆိတ်ကလေးမျှ စိတ်ဝင်စားခြင်း မရှိခဲ့ဘူးသူ။ ထိုသူ့အား မိမိ ခစားရမည်က တစ်ရက် တစ်ခဏ မဟုတ်။ ထိုသူ့ နဘေးတွင် ရှိနေသည့် ပါရမီဖြည့်ဘက်က မိမိထက် မညံ့သော လှပတင့်တယ်မှုများနှင့် မိန်းမတစ်ဦး။ ထို မိန်းမ၏ ဖိတ်ခေါ် စီစဉ်မှုကြောင့်ပင် ဒီနေရာသို့ မိမိ ရောက်နေရသည်။ ပုရိသ တစ်ဦးကို ပြုစုရခြင်းက မဆန်းသော်လည်း ယခုက နှောင်းခဲ့ပြီးသော ကာလများနှင့် ခြားနားလှသည်ပဲ။

များမြောင်လှသည့် အတွေးတို့ကို အဆုံးသတ်ရင်း အလှဆုံးဖြစ်မည့် ဝတ်စုံကို ရွေးထုတ်ရန် ပြင်သည်။ ပြည့်ရှင်မင်း အပြင် အခြားခြားသော ရာဇာမင်းစိုး သူကြွယ်သူကောင်းတို့အား အလှဆုံးဆွဲဆောင်ခဲ့သည့် မိမိဝတ်စုံများ။ မိမိ အလှအား နန္ဒ သူကြွယ်ကို ရှုစားစေရန် အရေး၊ ဝတ်စုံ တစ်ထည် ရွေးထုတ်ဘို့က ဤမျှ ခက်လှပါကလား။ ကြီးကျယ် မြင့်မြတ်လှသော ပွဲသဘင

Comments